ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု လူရွေးချယ်ရေးလက်ဝှေ့ပြိုင်ပွဲဆုပေးပွဲအခမ်း အနားကျင်းပ

မဟာအောင်မြေ သြဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း၌ ၂၀၂၄ ခုနှစ် (ပဥ္စမ) အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ယနေ့မွန်လွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုလူရွေးချယ်ရေးလက်ဝှေ့ပြိုင်ပွဲဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအားလုံးရှိ ဖွင့်လှစ်ထားသော လက်ဝှေ့ကလပ်ပေါင်းစုံ အမျိုးသား၊အမျိုး သမီးများဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး မြန်မာ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါ ပြိုင်ပွဲတွင် သက်ငယ်တန်းအမျိုးသမီး 48 KG၊ 50 KG ၊ 52 KG၊ 60 KG၊ သက်ငယ်တန်း အမျိုးသား 51 KG၊54 KG ၊ 57 KG၊ 60 KG၊ 71 KG၊ အမျိုးသားအလွတ်တန်း 51 KG၊ 54 KG ၊ 57 KG၊ 60 KG၊ 71 KG၊ 63.5 KG၊  67 KG၊ စသည့်ဝိတ်တန်းအလိုက်လက်ဝှေ့ပြိုင်ပွဲများကို (၈.၉.၂၀၂၄)ရက်နေ့မှ စတင်ကျင်းပပေးခဲ့ပြီး (၉.၉.၂၀၂၄)ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်နှင့်ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပြီး ဆုရ အားကစားသမားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ညွှန်​ကြားရေးမှူး ဦးမြင့်ခိုင်၊ အားကစားဆပ်ကော်မတီဝင်များ၊ အားကစားနည်းပြများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း