မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ထုပ်ပိုးမှု(Packaging)ဆိုင်ရာနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်တွင်းဒေသထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံကို အခြေခံသည့် စားသောက်ကုန်ထုတ်လုပ်ရာတွင် ထုပ်ပိုးမှုဆိုင်ရာနည်းစနစ်များကိုသိရှိပြီး စနစ်တကျထုပ်ပိုးတတ်စေရန် ရည်ရွယ်၍ ထုပ်ပိုးမှု(Packaging)ဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။