ရတနာပုံတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

အမရပူရ စက်တင်ဘာ ၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊အရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ (World Teachers' Day) အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အဆောင်(၃၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာစီစာကုံးပြိုင်ပွဲတွင် “ဘဝလမ်းညွှန် ဆရာမွန်”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ဘဝရှေ့ဆောင် မီးရှူးရောင်” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ဘွဲ့ကြိုသင်တန်း၊ ဒီပလိုမာသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာသင်တန်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများသည် စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြ‌‌ကြောင်းသည်။

စိုးသီဟ(အမရ)