နဂါးမူလွန်ကျောင်း၌ လူငယ်ရေးရာဟောပြောပွဲကျင်းပ

အမရပူရ စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန်စသည့်ရည်ရွယ်ချက်များဖြင့် လူငယ် ရေးရာဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသိန်းတင်ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဘက်ဦးစီးအရာရှိ ဦးမျိုးမင်း(မဘိန်း)ကလူငယ်ရေးရာဟောပြောပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအတွက် ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တ ဗလငါးတန်ပြည့်စုံစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ကလေးငယ်များအတွက် သိသင့်သိထိုက်သည့်အကြောင်းအရာများကို ဟောပြောပေးခဲ့ကြောင်းသိရသည်။ ဟောပြောပွဲအပြီးတွင် ကလေးငယ်များလေ့လာ   စိတ်ပါဝင်စားစွာလေ့လာခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)