ရေဖြူ စက်တင်ဘာ ၉
ကျောင်းသား၊ ကျောင်းသူများအားကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေး၊ ကြက်ခြေနီအသင်း၏ လုပ်ငန်းတာဝန်များကို စိတ်ပါဝင်စားစေရန်ရည်ရွယ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကြက်ခြေနီအသင်းက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီက ရေဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြောပွဲပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရေဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ဒုတပ်ဖွဲ့မှူး ဒေါ်သီတာတင်က ကြက်ခြေနီအသင်း၏ရည်ရွယ်ချက်နှင့် ဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးထွန်းပြည့်အောင်က ရေဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကြက်ခြေနီအကြောင်း သိလိုသည်များကိုပြန်လည်မေးမြန်းရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ခတ္တာ