လှည်းကူးမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် အခြေခံမွေးမြူရေးနည်းပညာပေးခြင်း သင်တန်းဖွင့်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် အခြေခံမွေးမြူရေးနည်းပညာပေးခြင်း သင်တန်းဖွင့်ပွဲကို ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပပြုလုပ်သည်။