ကြံခင်းမြို့နယ် (အ.ထ.က-၂)ကျောင်းတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်(အ.ထ.က-၂)ကျောင်းတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး "ဆေးလိပ်နှင့်ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ ကျောင်းစာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့၊ အ.ထ.က(ခွဲ)နှင့် အ.လ.က (၂) ကျောင်းဆောင်သစ်များဖွင့်ပွဲသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း (ရွှေမင်းဝံကျောင်း)ရှိ ကျောင်းဆောင်သစ်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ပြောင်းချိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ တစ်နှစ်ပတ်လုံး ချောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် မိုးရာသီစိုက်ပျိုးသော ထိုင်ဝမ်ပြောင်းချိုစိုက်ခင်များ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျိုင်းတုံမြို့နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)၊ (၂)၊ ရပ်ကွက်များနှင့် မြို့မတဲကြီးကုန်း ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယမန်နေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ (၅၀၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ စိုးရိမ်ရေမှတ်အထက် (၆၆) စင်တီမီတာရောက်ရှိနေပြီး မိုးဆက်လက်ရွာသွန်း

တာချီလိတ်မြို့၌ ယနေ့ နံနက် (၆) နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၆၆) စင်တီမီတာသို့ ရောက်ရှိနေပြီး မိုးရေချိန်သည် (၂.၃၈) လက်မရှိကာ မိုးအဆက်မပြတ်ရွာသွန်း‌နေမှုကြောင့် ‌မယ်ဆိုင်ချောင်းရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်းနှင့် ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးခဲ့သော အမှိုက်သိမ်းယာဉ်များအား မြို့ပေါ်ရပ်ကွက်များသို့ လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးခဲ့သော အမှိုက်သိမ်းယာဉ်များအား မြို့ပေါ်ရပ်ကွက်များသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သင်္ဘောလွန်းကျင်းအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်း ဆမားဒူးဝါးရပ်ကွက်ရှိ ထွန်းလင်းအောင် သင်္ဘောလွန်းကျင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မိုးကြိုးပစ်ခတ်မှုကြောင့် ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ရွှေဂူလေးဘုရားစေတီတော်၏ မြောက်ဘက်ခြမ်းရှိ ငှက်ပျောဖူးတော်အား မိုးကြိုးထိမှန်

ပဲခူးမြို့၌ စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်စီးများလက်ကာ မိုးကြိုးပစ်ခတ်မှုများကြောင့် ကလျာဏီရပ်ကွက်ရှိ ရွှေဂူလေးဘုရားစေတီတော်၏ မြောက်ဘက်ခြမ်းရှိ ငှက်ပျောဖူးတော်အား မိုးကြိုးထိမှန်သွားခဲ့သည်။

အ.ထ.က(မိုးညို)၌ ‌ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါနှင့် ကျန်းမာ‌ရေးဆိုင်ရာများ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါနှင့် ကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရသည်။
Subscribe to