ပျော်ဘွယ်မြို့နယ်တွင် အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
ပျော်ဘွယ်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှဦးဆောင်၍ ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာတို့ကို တွင်ကျယ်စွာအသုံးပြုလာတတ်စေရန်ရည်ရွယ်၍ အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၈)နာရီခွဲက ရန်အောင်ကျေးရွာအုပ်စု၊ ပင်းစုကျေးရွာ တောင်သူဦးကျော်ဟိန်း၏ လယ်မြေ(၂) ဧကတွင် ကျင်းပခဲ့သည်။