မှော်ဘီ စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မှော်ဘီမြို့နယ်ရှိ Myanmar Wide Garment စက်ရုံမှ အာမခံအလုပ်သမားအတွက် လုပ်ငန်းခွင်ပြင်ပထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ဘားလမ်းရှိ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ ပါ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Myanmar Wide Garment စက်ရုံမှ အာမခံအလုပ်သမား ဦးရှိုင်းကိုကို၏ လုပ်ငန်းခွင်ပြင်ပထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေလုံငွေရင်း ခွင့်ပြုငွေ ကျပ် ၄၆၉၅၇၆၈ ကို ဦးရှိုင်းကိုကိုထံ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ