တောင်ကြီးမြို့၌ မျောက်ကျောက်ရောဂါကာကွယ်ရေးနှင့် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့် မျောက်ကျောက်ရောဂါကာကွယ်ရေး နှိုးဆော်ချက်နှင့် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မဈေးတွင် ပြုလုပ်ခဲ့သည်။