ခရမ်း စက်တင်ဘာလ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနပူးပေါင်း၍ မြို့မဈေးဝင်းအတွင်းရှိ ဈေးဆိုင်များတွင် ဓာတုဆေးဝါးများပါဝင်သော ပဲသွေး၊ ပဲပြားများ၊ စိမ်းစားငပိများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ခရမ်းမြို့ မြို့မစျေးကြီးအတွင်း ရောင်းချနေသည့် ဈေးဆိုင်များတွင် ဓာတုဆေးဝါးများပါဝင်သော ပဲသွေး၊ ပဲပြားများ၊ စိမ်းစားငပိများ၊ အများပြည်သူသုံးစွဲရန်မသင့်သည့် ခွင့်ပြုမဲ့စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ခရမ်း (ပြန်/ဆက်)