ကန့်ဘလူမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကျင်းပ

အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ၊ ကဗျာပြိုင်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ကျောင်းကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ထောက်ရှာအုပ်စု/ထောက်ရှာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပညာဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရေး စသည့် မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ဆင်ပေါင်ဝဲမြို့၌ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်း၊ဆန်တော်များ ထပ်ဆင့်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

မဟာအောင်မြေမြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်း၊ဆန်တော်များ ထပ်ဆင့် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့တွင် မေခလာငွေစု‌‌ငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မေခလာငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်က မြို့နယ်ပညာ‌‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိ ပညာဗဟုသုတရရှိစေရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက် တန်းကျောင်းတွင် မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၇)ကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများ ကျင်းပ

အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းစာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

မောက်မယ်မြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်း၌ ဆင်ယင်ကျင်းပသော နေ့/ည အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to