ဝေါမြို့နယ် မိုးနက်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မိုးနက်ကျောင်း၌ ကျင်းပသည်။

တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် တောင်ရပ်တွင် ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

ကရသူရိမြို့၌ ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မိသားစုစားဝတ်နေရေး ဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရောင်းချကာ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ မြို့မစျေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ ဒက္ခိဏစျေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign)နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၈)နာရီက မြို့မစျေးအတွင်းရှိ စျေးသည်များကို ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများ ဒုတိယနေ့ဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ သုံးရက်တိုင်တိုင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်၍ ဒုတိယနေ့အဖြစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်များအလိုက် ဝါသနာရှင်ပြိုင်ပွဲဝင်ပေါင်းများစွာ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ကျောင်းကုန်းမြို့၌  အခြေခံ‌မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ကျောင်းကုန်းမြို့နယ်၊ ဆိပ်ဖူးနီအုပ်စု၊ ဆိပ်ဖူးနီကြီးကျေးရွာ၊ အနန္တ ဂုဏ်ရည်‌ကျောင်းတိုက်၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်း (လွန်) (သာယာကုန်း) ကျောင်းနှင့် အခြေခံပညာအလယ်တန်း(ကံကလေး)ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် တောင်သူများစိုက်ပျိုးရေး လုပ်ငန်းသုံးဆေးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူအသုံးပြုနိုင်စေရေးအတွက် မြို့နယ်စိုက်တိုးမြှင့်ကော်မတီအဖွဲ့ဝင်များက  ဘက်ရဲမြို့အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့ စိုက်ပျိုး‌ရေးနှင့်မွေးမြူရေးသင်တန်းသို့ သရုပ်ပြမွေးမြူရေးလုပ်ငန်းအတွက် ထောက်ပံ့ငွေများ ပေးအပ်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း‌ဒေသကြီးနှင့်  ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး‌၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်လျက်‌ရှိသော စိုက်ပျိုး‌ရေးနှင့်မွေးမြူရေးသင်တန်းကျောင်းသို့ ယမန်နေ့ နံနက် (၉) နာရီခွဲခန့်က သွားရောက်၍ သရုပ်ပြမွေးမြူရေးလုပ်ငန်းအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။

မုဒုံမြို့နယ်၌ မိုးစပါးစိုက်ဧက ၇၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ စိုက်ပျိုးရန်လျာထားရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၇၅၆၆၅ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၄၆၉ ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to