မှော်ဘီ စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၁၃) ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) ပညာသန္ဓေခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ Grade-9 မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုမာက အဖွင့်အမှာစကားပြောကြားပြီး Grade -8 မှ ကျောင်းသူ မအိဖြိုးဝေက မူးယစ်ဆေးဝါးဆန့်ကျင်ရေးအကြောင်း ဟောပြောခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်အဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အလယ်တန်းအဆင့် အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲများတွင် မှော်ဘီခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်