ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် အ.မ.က.ကျောင်းတွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းရပ်ကွက် အ.မ.ကကျောင်းတွင် ယနေ့နံနက် (၉) နာရီက စားသုံးသူရေးရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်‌၌ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ စားသုံးသူများအား သက်သာသော ဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ သက္ကာယ်ချောင်း၊ လိပ်ချောင်း၊ ဝက်ဆူ၊ ကံကွင်း၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ကွင်းဆင်းအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် အခြေခံစက်ချုပ်နည်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအတွက် အခြေခံစက်ချုပ်နည်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းမျက်မမြင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to