အ.ထ.က(မိုးညို)၌ ‌ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါနှင့် ကျန်းမာ‌ရေးဆိုင်ရာများ အသိပညာပေးဟောပြော

မိုးညို စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါနှင့် ကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နွဲ့နွဲ့ဝင်းက မိုးရာသီကာလတွင် အဖြစ်များနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံ၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လျင် ဆောင်ရွက်ရမည့်အချက်များအားလည်းကောင်း၊ Mpox (မျောက်ကျောက်) ရောဂါလက္ခဏာများ၊ ကူးစက်ပုံနှင့် ကာကွယ်ရေးနည်းလမ်းများအားလည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျန်းမာ‌ရေးဆရာမ ဒေါ်သူဇာညိုက သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရန်အချက်များ၊ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကြားကိုက်ခြင်းမှ ဖြစ်ပေါ်သည့်အတွက် ခြင်ကောင်ဖြစ်မှနှိမ်နင်းခြင်းထက် ပိုးလောက်လမ်းဘဝတွင်နှိမ်နင်းခြင်းက ပိုမိုထိရောက်ကြောင်း၊ ကျောင်းသား‌/သူများအ‌နေဖြင့် သွေးလွန်တုပ်ကွေးဖြစ်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြသကြရန် အသိပညာပေးပြောကြားပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာကပ်ထားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)