ကျွန်းလှ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ တစ်နှစ်ပတ်လုံး ချောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ထိုင်ဝမ်ပြောင်းချိုစိုက်ခင်များ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ ကျွန်တော်တို့ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာမှာ သီးနှံမျိုးစုံကို ချောင်းရေတင်ပြီး၊ နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ စိုက်ပျိုးကြတဲ့ ထိုင်ဝမ်ပြောင်းချိုစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး ပြောင်းဖူးတစ်ဖူးကို သေးရင် ၅၀၀ ကျပ်၊ ကြီးရင် ၆၀၀ ကျပ်ရောင်းရပါတယ်။ ပြောင်းစိုက်ခြင်းဖြင့် မိသားစုဝင်ငွေရရှိသလို ပြောင်းရိုးကိုလည်း ကျွှဲ၊ နွားစာအဖြစ် အသုံးရတဲ့အတွက် စိုက်ပျိုးသူများလာပါတယ်” ဟု ထိုင်ဝမ်ပြောင်းချိုစိုက်တောင်သူ ဦးနိုင်က ပြောသည်။
ကျွန်းလှမြို့နယ်တွင် ပြောင်းသီးနှံအဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံများ စိုက်ပျိုးကြကြောင်း ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)