မိုးကြိုးပစ်ခတ်မှုကြောင့် ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ရွှေဂူလေးဘုရားစေတီတော်၏ မြောက်ဘက်ခြမ်းရှိ ငှက်ပျောဖူးတော်အား မိုးကြိုးထိမှန်

ပဲခူး စက်တင်ဘာ ၁၀

ပဲခူးမြို့၌ စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်စီးများလက်ကာ မိုးကြိုးပစ်ခတ်မှုများကြောင့် ကလျာဏီရပ်ကွက်ရှိ ရွှေဂူလေးဘုရားစေတီတော်၏ မြောက်ဘက်ခြမ်းရှိ ငှက်ပျောဖူးတော်အား မိုးကြိုးထိမှန်သွားခဲ့သည်။

မိုးကြိုးထိမှန်မှုကြောင့် ထီးတော်တွင် အမည်းကွက်တစ်ခုဖြစ်ပေါ်ကာ အရှေ့ဘက်သို့ အနည်းငယ်စောင်းသွားခြင်း၊ ရွှေဂူလေးစေတီတော် အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြားရှိ ငှက်ပျောဖူးလုံးတော်မှ အလျား(၂)ပေ အမြင့်(၄)ပေခန့် အင်္ဂတေများ အချပ်လိုက်ကွာကျခြင်း၊ စေတီတော်၏ ပလ္လင်ခုံပတ်လည် အရှည် (၁၀) ပေခန့်ရှိ အက်ကြောင်းများ ဖြစ်ပေါ်ခြင်း၊ အရံစေတီ(၁၆)ဆူ အနက်(၁၅)ဆူမှာ အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ ဘုရားတောင်ဘက်မုခ် လှိုင်ဂူအတွင်း (၆) လက်မပတ်လည်အပေါက်(၂)ပေါက် ပေါက်ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)