သံတောင်ကြီးမြို့တွင် မြေပြိုဘေးကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်များအတွက် ထောက်ပံ့ငွေကြေး ပေးအပ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပိုကျမှုကြောင့် ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာတွင် မြေစာပိ၍သေဆုံးခဲ့သည့်အိမ်ထောင်စုမှ လူဦးရေ(၄)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။