ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ စောင်များ ပြသခြင်းကို စက်တင်ဘာလ (၁၃)ရက်၊ နံနက်ပိုင်းက အမှတ် (၁၀) အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို စက်တင်ဘာလ(၁၄)ရက်နေ့  နေ့လယ်ပိုင်းက ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်-ရှောပြာ-ချောင်းသာ ကားလမ်းတိုးချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်- ရှောပြာ- ချောင်းသာကားလမ်း( မိုင်၀/၀မှ ၀/၇.၂၅)အတွင်း ယာဉ်သွားလမ်းချဲ့ခြင်းနှင့် လူသွားလမ်းပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်း အောက်ခံလွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့သည်။

မြိတ်မြို့တွင် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပခဲ့ပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

နှစ်(၆၀)ပြည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြိတ်သွေးလှူဘဏ်၌ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာ(၁)ရက်တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင် ဦးဆောင်မှုဖြင့် မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် ယမန်နေ့က မြိတ်ခရိုင်ရှိအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး သွေးလှူဒါန်းခဲ့ကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းများအား ဆေးဝါးနှင့် အခြားပစ္စည်းများ လိုက်လံထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူများအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးတို့က အလှူရှင်များမှ လှူဒါန်းသော ဆေးဝါးနှင့်အခြားပစ္စည်းများကို စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီက အဆိုပါနေရာများတွင် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် ၉ လမ်း၊ ကံဓမ္မရာဇ်စေတီ တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းများ၊ ကယ်ဆယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နဝင်းချောင်းရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာလမ်း၊ တံတားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအဝင် ကတ္တရာလမ်းနှင့် ချဉ်းကပ်လမ်းပျက်စီးနေမှုအခြေအနေများ၊ ပုဏ္ဏမာကျေးရွာအဝင် ကွန်ကရစ်လမ်းနှင့် ကျေးရွာအတွင်း တင်ကျန်ခဲ့သည့် ရွံ့နွံများအား ရှင်းလင်းဆောင်ရွက်နေမှု၊ မကျီးပင်ကျေးရွာအတွင်း စက်ယန္တရားဖြင့် အမှိုက်၊ ဒိုက်များ သန့်ရှင်းဆောင်ရွက်ခြင်း၊ မကျီးပင်ကျေးရွာနှင့် ချောင်းခြားကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတား ချဉ်းကပ်ပျက်စီးနေမှုများအား ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားခဲ့သည်။
Subscribe to