ကော့ကရိတ် စက်တင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ယနေ့နံနက် ၉:၀၀နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့ကရိတ် ခရိုင်ဦးစီးမှူး ဦးအက်စ်လင်းရောင်က အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းကောင်စာရင်းကောက်ယူမည့်လုပ်ငန်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းအား စက်တင်ဘာ ၁၆ရက်နေ့မှ ၂၆ရက်နေ့အထိ ၁၀ ရက် သာကြာမြင့်မှာဖြစ်ကြောင်းသိရပြီး ၎င်းသင်တန်းတက်ရောက်လာကြသည့် သင်တန်းသား/သူ (၃၈)ဦးအား စစ်ဗျူဟာမှူးမှ လာရောက်အားပေးစကားပြောကြားခဲ့သည်။
ထိုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ စုစုပေါင်း (၁၅၀)ခန့် တက်ရောက်ခဲ့ကြပြီး ဆက်လက်၍ သင်တန်းနည်းပြများက သင်တန်းသား/သူများအား သင်တန်းပို့ချခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)