ကလေးခရိုင်တွင် မိုးများသည်းထန်စွာ ရွာသွန်းသောကြောင့် မြစ်ရေများမြင့်တက်
စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်အတွင်း၌ မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိသောကြောင့် မြစ်သာမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေများ မြင့်တက်လျက်ရှိကြောင်း ကလေးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။