ဓနုဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့်အခြေခံ စားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို ယနေ့ ဇန်နဝါရီလ ၂၂ရက်နေ့ နံနက် ၈နာရီအချိန်မှစတင်၍ အမှတ်(၈)ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။