ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော် ရေဘေးသင့်ပြည်သူများအတွက် အောင်မော်စံစာသင်တိုက်မှ ဆန်နှင့်အခြားပစ္စည်းများထောက်ပံ့လှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ သင်္ကန်းများ၊ စားသုံးကုန်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာကျောင်းဝိုင်းအတွင်းရှိ အောင်မော်စံစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။

အောင်လံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း (အောင်လံခရိုင်အဆင့်) နည်းပြသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း (အောင်လံခရိုင်အဆင့်) နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အောင်လံမြို့ ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်သင်တန်း သင်ခန်းစာပို့ချချက်ဆိုင်ရာ လက်တွေ့ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်သင်တန်းကို စက်တင်ဘာလ (၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက သင်ခန်းစာတွင်ပါရှိသည့် လက်တွေ့လေ့ကျင့်ခြင်းဆိုင်ရာနှင့်ပတ်သက်၍ ပြည်တော်သာရပ်ကွက်၊ ငှက်ပျောတောလမ်းရှိ အိမ်ထောင်စု (၃၆) အား မြေပြင်၌ လက်တွေ့ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်ခဲ့သည်။

မင်းဘူး (စကု) မြို့နယ်၌ ပညာဘဏ်စာကြည့်တိုက်နှင့် အရုဏ်ဦးစာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့်အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် ပညာဘဏ်စာကြည့်တိုက်နှင့် အရုဏ်ဦးစာကြည့်တိုက်အဆောက်အအုံသစ် နှစ်တိုက်ကို စကုမြို့အမှတ် (၁) ရှမ်းစုရပ်ကွက်နှင့် ပင်လယ်သက်ကျေးရွာတို့တွင် တိုးချဲ့ဆောက်လုပ်ပြီး ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲနှင့် နည်းပြခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား ကျင်းပ

မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲနှင့် နည်းပြခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်​​ရောက်ကြသည်။

မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်္ဂလာဒုံမြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားအား ပြန်လည်ပြုပြင်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် နမ့်လပ်ချောင်းကူးတံတား ပြန်လည်ပြုပြင်​ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက် တွင် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချောက်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်  အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင်၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူ​ခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကိုယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ချောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဆိပ်ဖြူမြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များကို ယနေ့နံနက်ပိုင်းက ပတ္တမြားဈေးလမ်းမပေါ်သွားလာသူများ၊ မော်တော်ဆိုင်ကယ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to