ပုလော စက်တင်ဘာလ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲတွင် ပုလောမြို့နယ် ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဆုရည်မွန်က Mpox (မျောက်ကျောက်) ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ရောဂါကာကွယ်နိုင်သည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)