ချမ်းမြသာစည်မြို့နယ် အမှတ် (၃၁) အ.ထ.ကတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်း အောင်မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို တောင်သူများအားချပြရှင်းလင်း

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် မြေလွတ်မြေရိုင်းဥပဒေနှင့် နည်းဥပဒေများကို တောင်သူများအား ချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က တော်ကူး၊ တံခွန်တိုင်ကျေးရွာများ၌ ပြုလုပ်ခဲ့သည်။

သာယာဝတီမြို့၌ “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း‌ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) သာယာဝတီပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့၌ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့နှင့် သွင်းအားစု (ဓါတ်မြေဩဇာနှင့်မျိုးစေ့)များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစု (ဓာတ်မြေဩဇာနှင့်မျိုးစေ့) ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ဇေယျာသီရိဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။

သရက်ချောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် ရေကြီးနစ်မြပ်မှုကြောင့် မိုးသီးနှံ(၁၆၆၉)ဧက ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပန်းလောင်မြစ်ရေ မြင့်တက်မှုတို့ကြောင့် ကျေးရွာအချို့တွင် မိုးရာသီ၌ စိုက်ပျိုးထားသော သီးနှံ(၁၆၆၉)ဧက ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပွားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။

မြို့သစ်မြို့နယ်ရှိ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ ဆန်းပိုင်းက မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Subscribe to