ကျောက်တန်း စက်တင်ဘာ ၁၇
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်တန်းမြို့၊ အ.လ.က(မြို့မ)ကျောင်း၊ ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က သင်တန်းသား/သင်တန်းသူ၊ ဆရာ/ ဆရာမများအနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းတွင်နည်းပြများမှ သန်းခေါင်းစာရင်း အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းများ၊ သင်တန်းမှဆွေးနွေးပို့ချချက်များကို မိမိတို့၏ အကြောင်းအရာများနှင့်ပေါင်းစပ်၍ မြေပြင်အခြေအနေများနှင့်ကိုက်ညီမှုရှိအောင် အပြန်အလှန်ဆွေးနွေးကြဖို့လိုအပ်ကြောင်း၊ မြေပြင်ကွင်းဆင်းပြီး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူယူသည့်အခါ သင်တန်းမှ သင်ကြားပို့ချပေးလိုက်သော သန်းခေါင်းစာရင်းမေးခွန်းအကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ကောက်ယူဖို့လိုအပ်ကြောင်းပြောကြားပြီး မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လ၀ကဦးစီမှူးဦးဇော်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နည်းပြဆရာ/ ဆရာမ(၉)ဦးဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ရာ သင်တန်းသား/ သင်တန်းသူ၊ ဆရာ/ ဆရာမ(၁၃၄)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်မြို့နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်လ၀ကဦးစီမှူးဦးဇော်နိုင်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများမှတာ၀န်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ၊ ဆရာ/ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
နေလင်းကျော်(ပြန်ဆက်)