ကန့်ဘလူ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးညီညီစိုးက ကမ္ဘာ့အို ဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းများနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပန်းချီဆရာကြီး ဦးစိုးမြင့်ဝေက ပန်းချီပြိုင်ပွဲဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်နန်းမြင့်က ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက်ခရိုင်တာဝန်ခံ ဦးညီညီစိုးက အလယ်တန်းဆင့် ရောင်စုံပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပန်းချီဆရာကြီး ဦးစိုးမြင့်ဝေက မူလတန်းဆင့် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူ ကျောင်းသားကျောင်းသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဆုရရှိသူများကိုယ်စား အလယ်တန်းဆင့် ပထမဆုရရှိသူ မဇွန်ပွင့်ဖြူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)