ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အ.ထ.က(ခွဲ) အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/ ၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်​ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးကို အထူးအ​လေးထား​ဆောင်ရွက်​လျက်ရှိ​ပါကြောင်း၊ ပြည်နယ်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများသည် အရေးပါဆုံးအခန်းကဏ္ဍတွင်ပါဝင်သဖြင့် အားပေးဆောင်ရွက်ကြရန် လိုအပ်သလိုရင်းနှီးမြှုပ်နှံသူများပါဝင်​သည့် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ဆောင်ရွက်သွားကြရမည်ဖြစ်​ကြောင်း၊ ကော်မတီအ​နေဖြင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်လာစေ‌ရန်၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်​စေရန်နှင့် ရင်းနှီးမြုပ်နှံသူများ လုပ်သာကိုင်သာရှိ​အောင်၊ စီးပွား​ရေးအ​ခြေအ​နေ အလားလာ​​ကောင်းများရှိလာ​အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်၊၊

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်( ၁၀ ) နာရီက ပေါင်မြို့နယ် အထက(ခွဲ)ကျားဘိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း (ရေနံတောင်)တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယ​နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်မြန်မာ့တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေး‌‌ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ လူကုန်ကူးမှုအန္တရာယ်မကျရောက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်‌ ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကေသရာဇာခန်းမ၌ ကျင်းပခဲ့သည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေး

ကရင်ပြည်နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ်စီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်၊ မွန်ပြည်နယ်လွှတ်တော်ရုံး သန့်ရှင်းသပ်ရပ် စနစ်တကျရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ်စီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အဆင့်မြင့်ငါးဈေးသစ်စီမံကိန်းဝင်းအတွင်း၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ငါးဈေးသစ်စီမံကိန်းတာဝန်ရှိသူများ တက်ရောက်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့်လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) သို့ တက်ရောက်

ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကို စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ပြည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာနှစ်ခုရှိ လူနေအိမ်(၃)လုံး‌သစ်ပင်ပြိုလဲ၍ ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

ပြည်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုသဘာဝဘေး‌ကြောင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာနှစ်ခုရှိ လူနေအိမ်(၃)လုံးသစ်ပင်ပြိုလဲ၍ ပျက်စီးဆုံးရှုံးမှုအချို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to