ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးနှင့် ရေဘေးရှောင်စခန်းများသို့ အနုပညာရှင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းသည်။

ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းတို့ ဦးဆောင်သည့်အဖွဲ့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ (၃)နာရီက ရေကြီး ဝင်ရောက်ခဲ့သည့် ကျေးရွာများသို့ ကွင်းဆင်၍ ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ဦးဆောင်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို့၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယ​မန်နေ့နံနက်ပိုင်းက အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း ​ရွှေရတုခန်းမတွင် ကျင်းပသည်။

တိုက်ကြီးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ က အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့မ - ၇ ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်အောင်မြင်မှု အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်အောင်မြင်မှု အသိပညာပေး Talk Show ဆောင်ရွက် ဥတ္တရသီရိ စက်တင်ဘာ ၁၉ အောင်မျိုးဝင်း(ပြန်/ဆက်)

သရက်ချောင်းမြို့နယ်၌ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ယနေ့နံနက် ၈ နာရီ အချိန်က သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်း/အပြင်နှင့် ပန်းတောလမ်းဆုံတို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့က အ.ထ.က(၁)ကျောင်း၌ ပြုလုပ်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာ အ.မ.က ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦးတို့သည် ယမန်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်က ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ဦးဆောင်၍ ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာ အ.မ.ကကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  

ပန်းတောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်၊ အမှတ်(၉)ကာကွယ်ရေးပစ္စည်းစက်ရုံမှူး ဗိုလ်မှူးကြီးတင်မောင်ချို၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြများ၊ သင်တန်းသား/သူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Subscribe to