ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း လယ်သီးထပ် ဆောင်းသီးနှံပဲပုပ်နှင့် နေကြာစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး၊ တောင်သူများ၏ စိုက်ပျိုးရေလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် လယ်မြေ၊ ဥယျာဉ်ခြံ များတွင် သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း တောင်သူများနှင့် တွေ့ဆုံပြီး လယ်သီး ထပ်ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။