မြိတ်မြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် စပ်လျဉ်း၍ အသိပေးနှိုးဆော်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် လျှပ်တပြတ်ရေကြီးခြင်း၊ တောင်ပြို မြေပြို ခြင်းများဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။