တွံတေး ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ပျော်ဘွယ်လေးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်ရည်ရွယ်၍ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းလွန်ကျာင်းရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အခြေခံပညာမူလတန်းလွန်းကျောင်းကျောင်းအုပ်ဆရာမကြီးဒေါ်မိမိမော်ကအဖွင့်အမှာစကားပြောကြားပြီး ပျော်ဘွယ်လေးကျေးရွာ ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးမှူးဒေါ်အေးဝင်းနိုင်က လူငယ်နှင့်ကျန်းမာရေးအကြောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်နွယ်နွယ်ဦးက တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသန်းနိုင်က စားသုံးသူအခွင့်အရေး၊ စားသုံးသူများကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီသတိပြုရမည့် အချက်များအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း ဟောပြောခဲ့ကြောင်းသိရသည်။ ယင်းနောက် မိဘဆရာအသင်းဥက္ကဋ္ဌ ဦးနေမင်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
တွံတေးသား