မရမ်းကုန်း ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာရေးဆရာကျော်ဇင်ဝင်း(မရမ်းကုန်း) ရေးသားထားသည့် “အမှားကြာတော့" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် စာပေချစ်သူများအသင်းအဖွဲ့ဝင်ဦးထင်ကျော်မိုးက အဆိုပါဆောင်းပါးမှ ရဟန်းတို့၏စောင့်ထိန်းရမည့် စတုပါရိသုဒ္ဓိသီလ လေးပါးအကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးကျော်ထင်ရာဇာက ထေရဝါဒဗုဒ္ဓဘာသာ၏ ရပ်တည်ချက်များ အကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင်ဆရာမပွင့်စန္ဒီက ပုဂံခေတ်ဦးကာလ ဗုဒ္ဓဘာသာကိုးကွယ်မှု အကြောင်းတို့ကိုဖတ်ကြားခဲ့ရာ တက်ရောက်လာသူစာပေချစ်သူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)