ရန်ကုန် ဇန်နဝါရီ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်)မှ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ သင်တန်းကျောင်းများသို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းများဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရွေလျားစာကြည့်တိုက်ယာဥ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်း၊ ဓာတ်ပုံနံရံကပ်စာစောင် စာအုပ်ပြပွဲများခင်းကျင်းပြသပေးခြင်း၊ အသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာဌာနကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်ကို စာအုပ်စာစောင်များ လာရောက်ငှားရမ်းရန် အချိန်မပေးနိုင်သူများအတွက် Mobile ဝန်ဆောင်မှုယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)