ခရမ်းမြို့နယ်၊ ခမတ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ (ဆီထွက်သီးနှံ)  ချေးငွေထုတ်ချေးပေး

ခရမ်း ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး‌၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၊ ခမတ်ကျေးရွာ‌ဘုန်းတော်ကြီး‌ကျောင်းတွင် မြေပဲနှင့်နေကြာစိုက်ပျိုးရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ချေးငွေအား ယမန်နေ့ညနေ ၃ နာရီက ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်က စီမံကိန်းရည်ရွယ်ချက်၊ အတိုးနှုန်း၊ ကာလသတ်မှတ်ချက်၊ လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကကြီးကြပ်၍ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လေးညွန့်နှင့်အဖွဲ့ဝင်များက  တောင်သူ(၂၅)ဦးသို့ စိုက်ဧက(၁၅၆)ဧကအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း(၁၀၀)ငွေကျပ် ၁၀၀ လျှင် အတိုးနှုန်းတစ်ကျပ်နှုန်း၊ တစ်နှစ်ပြည့်အတိုး အရင်းဆပ်စနစ်ဖြင့်စနစ်တကျ ထုတ်ချေးပေးခဲ့ပြီး မြေပဲစိုက်ခင်းစိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း ( ခရမ်း )