ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာချစ်သန်းဘာသာပြန်ရေးသားထားသော ဘဝကိုအဆုံးအဖြတ်ပေးတဲ့ အသက်နှစ်ဆယ်ကျော်အရွယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ(Book Cloub) အဖွဲ့ဝင်ဦးတင်ထွန်းဦးက ဆွေးနွေးရာတွင် ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ စတင်မြုပ်နှံရင်းနှီးပါဟူသော ခေါင်းစဥ်အောက်တွင်ပါဝင်သော ဘဝကိုပြောင်းလဲပစ်ချင်ရင် စာကြည့်တိုက်ကိုသွားပါဟု စိတ်ဝင်စားဖွယ်ရေးသားထားကြောင်း၊ Women Club  ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အေးက အမျိုးသမီးများမိမိအသက်အရွယ် ၃၀ မကျော်မီကာလ ဘ၀ခရီးဖြတ်သန်းရန်အတွက် နေထိုင်နည်းများကိုလမ်းညွှန်သင်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်​ကြောင်း ဆွေးနွေးရာတက်ရောက်လာသည့် စာပေချစ်သူများနှင့်ပြန်အလှန် ဆွေးနွေးရာစာဖတ်ဝိုင်းကျင်းပခဲ့ ကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ဆွေနွယ်(ပြန်/ဆက်)