မဟာအောင်မြေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

‎‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းမဝေးကို ယနေ့မွန်းလွဲပိုင်းက ကျင်းခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွက် ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများသို့ ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မုဒုံမြို့၌ “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ မုဒုံမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီက မြို့အဝင်ဆိုင်းဘုတ်၊ ရွှေဟင်္သာစျေး​ရှေ့၊ ကန်ကြီးဘုရားရှေ့နှင့် ကမာဝက်မြို့နေရာလေးနေရာ၌ ဆောင်ရွက်သည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တက္ကသိုလ်များ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်း စာစောင်များကို ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် ဒီဇင်ဘာ ၁၈ ရက်နေ့နေ့လယ် ၁၂ နာရီခွဲအချိန်က ဖြန့်ဝေခဲ့ကြသည်။

ထားဝယ်မြို့၌ မဲရုံများ မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲတွင် ဆန္ဒမဲပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့အတွင်းရှိ မဲရုံပြုလုပ်မည့် စာသင်ကျောင်းများ၌မြို့နယ် မီးသတ်ဦးစီးမှူးဦးဆောင်၍တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ချောက်မြို့၌ “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်များ ပြသ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံးပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယ‌နေ့နံနက် (၁၁)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ချောက်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ အ.မ.က ရွှေကုန်းကျောင်းတွင် ကျင်းပ

ကျောက်တန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ အ.မ.က ရွှေကုန်းကျောင်းတွင် ကျင်းပ ‎‎ကျောက်တန်း ဒီဇင်ဘာ ၁၈ ‎နေလင်းကျော် (ပြန်/ဆက်) ဦးနေလင်းကျော်

မြင်းခြံမြို့၌ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကွင်းဆင်းထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁) နာရီအချိန်က တံတားမြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ဆောင်ရွက်ခဲ့သည်။
Subscribe to