မူဆယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အလုပ်သမားအများစုရှိသော နေရာများသို့ ကွင်းဆင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အအုံများ မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းများနှင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာပေးခြင်းနှင့် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် (၉) နာရီအချိန်ကစတင်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ကြို့ပင်ကောက်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အ.ထ.က(ပန်းတင်) ကျောင်းနှင့် လူစီကားရာနရာများတွင် “ဒို့အတူတူမဲပေးကြမယ်” လှုံဆော်ရေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့ကြသည်။

မင်းလှမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ သိရှိနိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ထားရှိခြင်းကို ယနေ့တွင်  ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေး အသိပညာပေး ပိုစတာအား ပြည်သူများ သိရှိစေရန်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး ပိုစတာအား ပြည်သူများသိရှိစေရန်နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်စာပေ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူလူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ် မှန်ကန်စေရေး၊ နိုင်ငံတော်အတွက်အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်နှင့် စာပေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အောင်လံမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၈ နာရီက အောင်လံမြို့၊ ရွှေညောင်ပင်ကျေးရွာ ရန်ကုန်-ပြည် လမ်းမကြီးနှင့် အ.ထ.က (၁) ကျောင်းရှေ့နေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ကုသ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၉ နာရီအချိန်က အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ပြည်မြို့ စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းရှိ စည်ပင်သာယာမြို့မဈေးကြီး၌ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်သော သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်သည်။
Subscribe to