နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာ ၁၈ ရက်မှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လာရောက်ကြည့်ရှု အားပေးသည်။

ငဖဲမြို့နယ်၌ မဲစာရင်းပါရှိသည့်သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်း ထည့်သွင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းမဲစာရင်း ပါရှိသည့် မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်းထည့်သွင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ဆောင်ရွက်သည်။

မုံရွာမြို့၌  မဲရုံပေါင်း ၈၉ ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးစုစုပေါင်း ၁၇၈ ဦးအား ခန့်အပ်တာဝန်ပေးထား

မုံရွာမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာများတွင်  မဲရုံပေါင်း ၈၉ ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးစုစုပေါင်း ၁၇၈ ဦးအား ခန့်အပ်လွှာများပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုနှင့်  အနိမ့်တင်ဆိုလာ ရေတင်စနစ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိ​မြို့နယ် ဘဲကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၆၂၃ (က))ရှိ တောင်သူဦးဌေး​အောင်၏ ဆောင်းသီးနှံ နေကြာငါးဧက စိုက်ပျိုးထားရှိမှုအခြေအနေနှင့်သီးနှံများစိုက်ပျိုးရေလုံလောက်စွာ ရရှိ​ရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် အနိမ့်တင် ဆိုလာရေတင်စနစ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ကြည့်ရှုစစ်ဆေးပြီး သီးနှံများရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်စနည်းစနစ်မှန်ကန်စေရေးနှင့် သဘာဝမြေဩဇာကို နည်းစနစ်အတိုင်းအပြည့်အဝဖြည့်တင်းပေးရေးတို့ကို မှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကြည့်ရူစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၇ ရက် က တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရူ စစ်ဆေးသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  တွံတေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇုန်ကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်း တင်ပြသည်။

ဖျာပုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်  စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေး၊ ကွင်းအမှတ်(၄၅၇/A)၊ ဦးပိုင်အမှတ်(၁၉/၂)၊ ဧရိယာ(၇)ဧကရှိ တောင်သူ ဦးမောင်မောင်၏ လယ်ယာမြေတွင် ယနေ့ နံနက် (၉) နာရီအချိန်က နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲနှင့် ကန်သင်းဘောင်တွင် ကျင်းတစ်ထောင် ဆီတစ်ပုံး နေကြာစိုက်ပျိုးထားရှိမှုအား ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ပေါ်ရှိ MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ ဆန်၊ ဆီ ကုန် သည်ကြီးများအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ပိုင် ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ ဆန်၊ ဆီ ကုန်သည်ကြီးများအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများအချင်းချင်း ပူးပေါင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများမှဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

ပလောက်မြို့တွင် KG ကျောင်းသား /ကျောင်းသူများအား  ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးခြင်းအခမ်းအနားကို မူလွန်(ပလောက်)ကျောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Subscribe to