တနင်္သာရီ ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အားကစားခန်းမတွင် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ ပြိုင်ပွဲဝင်အသင်း (၈) သင်း ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မိုးမင်းဝင်းက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် အားကစားစိတ်ဓာတ်မြင့်မားစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်အစီအစဉ် အတိုင်း ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
တနင်္သာရီ(ပြန်/ဆက်)