(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ပုံပြောပြိုင်ပွဲများ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ

(၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ငဖဲမြို့နယ်၌ ဆောင်းသီးနှံကုလားပဲ ၅၈၅၃  ဧက စိုက်ပျိုးပြီးစီးပြီးလျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ကုလားပဲ ၅၈၅၃ ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ပြီး ပဲစိုက်ခင်းများစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ဒဂုံမြို့နယ်တွင် ဒီဇင်ဘာအားကစားလ ဒုတိယအပတ်လှုပ်ရှားမှု အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ ဒုတိယအပတ်လှုပ်ရှားမှု အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန် ယမန်နေ့က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးသင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးမျိုးစေ့ချကိရိယာ (seeder) စနစ်ဖြင့် စိုက်ပျိုးသရုပ်ပြခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးမျိုးစေ့ချကိရိယာ (seeder)စနစ်ဖြင့် စိုက်ပျိုးသရုပ်ပြခြင်း အခမ်းအနားအား တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ငွေ ၇၂၃၀ ကျပ်ဖြင့် စားအုန်းဆီ ၂၅၅၄ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ငွေ ၇၂၃၀ ကျပ်ဖြင့် ယမန့်နေ့နံနက်ပိုင်းကစတင်၍ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စားအုန်းဆီ ၂၅၅၄ ပိသာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကောက်ရိုးထုံးစက်ကိရိယာ(Round Baler)နှင့် ရိုးပြတ်ရိတ်စက်ကိရိယာ (Rotary Mulcher) အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

စက်မှုလယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ နည်းပညာသစ်ကိရိယာများကို သိရှိကိုင်တွယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၁) စက်မှုလယ်ယာစခန်းက ကြီးမှူးဆောင်ရွက်သည့် ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) နှင့် ရိုးပြတ်ရိတ်စက်ကိရိယာ (Rotary Mulcher) အသုံးပြု၍ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို မြို့သစ်မြို့နယ်၊ ကိုရံ(တောင်)ကျေးရွာ ကွင်းအမှတ်(၁၃၈၃)ရှိ တောင်သူ ဦးသောင်းတင်၏ လယ်မြေ ၃ ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး  အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အဖွဲ့ဝင်များ ယမန်နေ့နံနက်က လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာ စံပြစိုက်ခင်း၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှု၊ နွားလဝိုးကျေးရွာအုပ်စုတွင် အစေ့ထုတ်ပြောင်းသီးနှံ ပွဲရုံလုပ်ငန်းများလည်ပတ် လုပ်ကိုင်နေမှုနှင့် အခြေခံပညာကျောင်းများ ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Subscribe to