မန္တ‌လေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ဟောပြောပွဲကျင်းပ

‎‎မန္တ‌လေးတိုင်းဒေသကြီး၊ မန္တ‌လေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ဟောပြောပွဲကို မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

တီးတိန်မြို့၌ မဲရုံပုံစံပြသခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံပုံစံပြသခြင်းနှင့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် နံနက်၁၀နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။

ဖျာပုံမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ BBM ဝန်းအတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၅) နာရီက အဆိုပါ BBM ဝန်းအတွင်းရှိ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၅) နာရီက လှိုင်းဘွဲမြို့ (က) ရပ်ကွက် ကရင်နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင်တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိသည့် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် သီးပင်စားပင်များကို ရွှေကြာအင်းကျေးရွာ၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အအုံများ မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်းတိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းများနှင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာပေးခြင်းနှင့် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက တာ၀န်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ စံပြမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက စံပြရပ်ကွက် မူလတန်းလွန်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲအထိမ်းအမှတ် ကရင်ရိုးရာပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လက်ပံကုန်းကျေးရွာတွင် (၅၅) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲအထိမ်းအမှတ် ကရင်ရိုးရာပြိုင်ပွဲများကို ယမန်နေ့ည ၇ နာရီက စတင်ကကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မရမ်းကုန်းခရိုင် ပညာရေးမှုးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ မဟာဇောတိကာရာမကျောင်း တိုက်ကြီးရှိ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်နှင့် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြသူများအား စားသောက်ဖွယ်များပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ မဟာဇောတိကာရာမ ကျောင်းတိုက်ကြီး ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ‌ လျှောက်ထားသည်။
Subscribe to