ဘုတ်ပြင်းမြို့နယ် အထက(အောက်လိပ်)ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရက်(၁၀၀)စီမံချက်ဖြင့် ပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘုတ်ပြင်းမြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးခဲ့သည့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ပွဲကို ဇွန် ၁၅ ရက်က နံနက် ၉ နာရီခွဲက ဘုတ်ပြင်းမြို့ အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။