ဒဂုံမြောက် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ကိုင်းသစ်ပင်ကြီးများရှိရာ လမ်းများတွင် လမ်းသွားလာ အသုံးပြုသူများ အဆင်ပြေလွယ်ကူစေရန် (၄၈) ရပ်ကွက် အောင်တံခွန်လမ်းနှင့် ရွှေသပြေလမ်းတို့တွင် ဓါတ်ကြိုးနှင့် မလွတ်ကင်းသည် သစ်ပင်သစ်ကိုင်းများအား ယနေ့နံနက်ပိုင်းက ခုတ်ထွင်ရှင်းလင်းခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် (၄၈) ရပ်ကွက် အောင်တံခွန်လမ်းနှင့် ရွှေသပြေလမ်းတို့တွင် ဓါတ်ကြိုးနှင့် မလွတ်ကင်းသည် သစ်ပင်သစ်ကိုင်းများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းပေးမှုအား “ယခုကဲ့သို့ သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းပေးသည့်အတွက် မိမိတို့ရပ်ကွက်အတွင်း လမ်းသွားလာမှု အဆင်ပြေလွယ်ကူသွားကြောင်း၊ လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်ကြီးများ လဲပြိုကျမှုအား စိုးရိမ်စရာမရှိဘဲ စိတ်ချလက်ချ သွားနိုင်မည်ဖြစ်ကြောင်း” ရပ်ကွက်နေ ပြည်သူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)