ရေတာရှည်မြို့နယ်တွင် ဒေါင်လိုက်မြေဖွစက် (Power Harrow)ဖြင့်မြေပြုပြင် ထွန်ယက်ခြင်း  ကွင်းသရုပ်ပြပွဲကျင်းပ

ရေတာရှည် ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၈)စက်မှုလယ်ယာစခန်းမှ  ဒေါင်လိုက်မြေဖွစက်(Power Harrow) ဖြင့် မြေပြုပြင် ထွန်ယက်ခြင်း  သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြောက်နန်ချွန်ကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လယ်ယာသုံး စက်ကိရိယာပိုင်ဆိုင်သော တောင်သူများနှင့်ဒေသခံ တောင်သူများအား ခေတ်မှီလယ်ယာသုံး စက်ကရိယာများနှင့် နည်းပညာသစ် လယ်ယာသုံးစက်ကရိယာများကို တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်၊ အကျိုးကျေးဇူးဖြစ်ထွန်းမှုများကို သိရှိလာပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကျင့်သုံးလာစေရန်ရည်ရွယ်၍ မြောက်နန်ချွန်ကျေးရွာ ကွင်းအမှတ်(၆၇၄)ရှိ တောင်သူဦးကျော်လွင်၏ ယာမြေ(၃.၀၀)ဧကတွင် ဒေါင်လိုက်မြေဖွစက်(Power Harrow) ဖြင့် မြေပြုပြင် ထွန်ယက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သရုပ်ပြပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးစောထွန်းဦး၊ မြို့နယ် စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီး ဌာနမှူး ဦးကျော်မင်းဦး၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူ(၅၄)ဦးခန့် တက်ရောက်လေ့လာ အားပေးခဲ့သည်။ ဆက်လက်ပြီး စက်မှုလယ်ယာ ဦးစီးဌာန၊ခရိုင်ဦးစီးဌာနမှူး ဦးကျော်မင်းဦးက (Power Harrow) အသုံးပြု၍ မြေပြုပြင် ထွန်ယက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကို တောင်သူများအား သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)