မြောင်းမြမြို့တွင် မိုးရွာသွန်းမှုကြောင့်လဲပြိုသည့် အန္တရာယ်ရှိသစ်ပင်များ ရှင်းလင်းဖယ်ရှား
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင်မိုးရွာသွန်းပြီးမြေပျော့မှုကြောင့် လုံးပတ် ၁၅ပေ၊ အမြင့် ၄၀ ပေခန့်ရှိသည့် ညောင်ပင်သည်လမ်းမပေါ်သို့လဲကျပြီးလမ်းပိတ်ဆို့ခဲ့ရာ အများပြည်သူများ သွားလာမှုမခက် ခဲစေရေးနှင့် အန္တရာယ်မဖြစ်စေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းတွင် ကံကော်မြိုင်ရပ်ကွက်နှင့် စမ်းချောက်ကုလားကုန်းကျေးရွာတို့တွင် လဲကျသစ်ပင်များအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ ကြောင်းသိရသည်။