သံတောင်ကြီး ဇွန် ၁၅
ကရင်ပြည်နယ် သံတောင်ကြီးမြို့၌ ကလေးငယ်များလူတော်လူကောင်းများဖြစ်လာစေရန်၊ ဗလငါး တန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ ကလေးများနေ့အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် ကော်မတီများ၊ ဖခင် အသင်း၊ မိခင်အသင်းများက ဦးဆောင်၍ ကျင်းပသည့်အစီအစဉ်ဖြစ်သည်။ ဦးစွာဇိုင်းယာန်းနှစ်ခြင်း အသင်းတော်ဆရာတော်ဘွယ်ထူးက ကလေးများအတွက်အထူးမေတ္တာပို့ဆုတောင်းပေးပြီး ဆရာတော်မူး ယွာထူး မှကလေးများနှင့်သက်ဆိုင်သည့် ဓမ္မဒေသနာများ ဟောပြောသည်။
ဆက်လက်ပြီး ဆရာမ ပစိုထီးကကလေးများနှင့်သက်ဆိုင်သောပုံပြင်များကို သာဓကများနှင့်ဟောပြောပေးခဲ့ပြီး တက်ရောက်လာသည့် ကလေးများအားအမှတ်တရလက်ဆောင်များနှင့် နေ့လယ်စာကျွေးမွေးခဲ့ ကြောင်းသိရသည်။
နော်နော်မူ