ဘားအံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရုံးဌာနများမှ ဝန်ထမ်းများ စုစုပေါင်း(၆၂၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဖော်ထုတ်မြှင့်တင်နိုင်ရေး ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၂၅)ကျင်းပ

ကရင်ပြည်နယ်သည် မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်တွင်တည်ရှိပြီး သာယာလှပသော တောတောင်ရေမြေသဘာဝရှုခင်းများ၊ စက်မှုကုန်ကြမ်းနှင့် အဖိုးတန်ဓာတ်သတ္တုများ ပေါများစွာထွက်ရှိခြင်းတို့ကြောင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့မှဦးဆောင်၍ ဒီဇင်ဘာ ၁၈ ရက် နံနက် ၈ နာရီက ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၂၅)ကို ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက် ကြည့်ရှုစစ်ဆေး၊ နေရပ်စွန့်ခွာ ပြည်သူများအတွက်  စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ် 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီက ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အသေးစားစက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများနှင့် ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေပိုင်းက ပူတာအို မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စူပါဝမ်းဝါးတူလုပ်ငန်း၊ ရွှေတောင် ခေါက်ဆွဲလုပ်ငန်းနှင့်ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ TB Mobile Team အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ယနေ့နံနက်ပိုင်းက TB Mobile Team အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်ရေးဌာနတွင် ပြည်သူလူထုအခြေပြု ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် ဆောင်းဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့ချစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတောင်သူ ဦးဝင်းနိုင်၏လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ(ပဲပုပ်)မျိုးစေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)ရပ်ကွက်၊ စက်မှုလယ်ယာအဝင်လမ်းနှင့် ပေါင်းဆန်စက်ရုံ အဝင်လမ်းဆုံရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက လူစည်ကားရာနေရာဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးနှင့် မြို့မစျေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Subscribe to