လူငယ်များဗလငါးတန်နှင့်ပြည့်စုံရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်  ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ဘားအံ ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အနာဂတ်မျိုးဆက်သစ်များ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့် ပြည်စုံစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဘားအံခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဗလငါးတန်အကြောင်း အသိပညာပေးဟောပြောပြီး ဉာဏဖွံ့ဖြိုးစေမည့်  ပြိုင်ပွဲများဖြစ်သည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲများ၊ အသိပညာပေး နံရံကပ်စာစောင်များဖြစ်သည့် ယနေ့လူငယ်များပြုမူနေထိုင်ကျင့်ကြံရမည့် အချက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို  ပြသခဲ့ရာ ဘားအံမြို့ရှိ အမှတ်(၁၀)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ များက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)