သရက်ချောင်းမြို့နယ်တွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် အခြေခံပညာ (အ.ထ.က) သရက်ချောင်းကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

သရက်ချောင်း  ဇန်နဝါရီလ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် အခြေခံပညာ (အ.ထ.က) သရက်ချောင်းကျောင်း၏ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်မိ/ရပ်ဖများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/သူများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းသီဆိုကာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး သရက်ချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် ပညာရေးဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာကြူက မိမိတို့ကျောင်းမှ ထူးချွန်ထက်မြက်သော လူရည်ချွန်များနှင့် ထူးချွန်ကျောင်းသားများ ထွက်ပေါ်လျက်ရှိ​ကြောင်း၊ အခြေခံပညာ(အ.ထ.က) သရက်ချောင်းကျောင်း ပညာရေးစုံညီပွဲတော်သို့ တက်ရောက်သော မြို့နယ်တာဝန်ရှိသူများနှင့် ရပ်မိ/ရပ်ဖများအား ကျေးဇူးတင်ကြောင်း၊ မိဘဆရာ ပူးပေါင်းကလေးပညာကောင်းဆိုသည့်အတိုင်း ကျောင်းသူကျောင်းသားတို့၏ မိဘများအနေဖြင့် မိမိကလေးများ ထူးချွန်ထက်မြက်လာစေရန် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ကြား​နိုင်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကာယ/ဉာဏဆုရ ကျောင်းသား/သူများအား ဆုတံဆိပ်များနှင့် ဆုငွေများ အသီးသီးချီးမြှင့်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျောင်းသား/သူများက အဆို၊ အက၊ အတီးတို့ဖြင့် ဧည့်ခံဖျော်ဖြေပြီးနောက် ကျောင်းသား/သူများက "ကြိုဆိုပါသည်စုံညီပွဲတော်" သီဆိုဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)