ညောင်ဦးမြို့ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းနှစ် လမ်းသွားလမ်းမကြီးဘေး ဝဲယာရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်ထားရှိမှုနှင့် လမ်းဘေးဝဲယာ၊ လမ်းလယ်ကျွန်းတို့တွင် သန့်ရှင်းသာယာလှပစေရေး ပန်းအလှစိုက်ပျိုးထားရှိမှုတို့အား ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်/ မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းအောင်မြင်စွာ စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်မိုးလုံလေလုံအားကစားရုံတွင် စက်တင်ဘာ (၁၇) ရက်နေ့မှစတင်၍ စာရင်းစစ်၊ စာရင်းကောက်သင်တန်းစတင်ဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းအား စက်တင်ဘာ (၂၈) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်​ကြောင်းသိရသည်။

အုတ်တွင်းမြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်း ရေမြုပ်သောရေတွင်းရေကန်များ အဝီစိတွင်းများထဲသို့ ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်း ရေမြုပ်နေသော ရေတွင်း၊ ရေကန်နှင့် အဝီစိတွင်းများအတွင်းသို့ ကလိုရင်းဆေးခတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။

မိုင်းပျဉ်းမြို့၌ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ သင်တန်းသား ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ စာရင်းစစ်၊ စာရင်းကောက်သင်တန်း တက်ရောက်နေကြသော သင်တန်းသား ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး သင်တန်းဖွင့်လှစ်ထားသောခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သာစည်မြို့နယ်တောင်ပေါ်ဒေသ ရေဘေးဒဏ်ခံစားခဲ့ရသော‌ဒေသများသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်ရေရိက္ခာထောက်ပံ့ အားပေးစကားပြောကြား

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဘေးဒဏ်ခံစားခဲ့ရသော တောင်ပေါ်ဒေသ မြင်းဒိုက်၊ ဆင်တောင် ခွေးရုပ်၊ ပင်မုန်းကျေးရွာများသို့ စက်တင်ဘာ ၂၄ ရက်က တာဝန်ရှိသူများသွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်ရေရိက္ခာများထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။

မြင်းခြံမြို့၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် မီးဘေးသင့်အိမ်ထောင်စုများ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်အတွင်း ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့နှင့် သထုံမြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်း‌(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်က သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ (မူဆာတန်း)အခြေခံပညာမူလတန်းကျောင်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် တံတားအားပြန်လည်ပြုပြင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာပြီး ရေတိုက်စားမှုကြောင့် တံတားများ ပျက်စီးခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြိုနယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့မှ စတင်ကာ ပျက်စီးသွားသည့် တံတားအားပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

အောင်မြေသာစံခရိုင် သန်းခေါင်စာရင်းကော်မတီ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်က ချောင်းဆုံမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
Subscribe to