ကျိုက်လတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့နေ့လယ်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသည့် “လူငယ်တွေကို လမ်းဖွင့်ပေးပါ” (စိတ်ခွန်အားဖြည့် စာစုများ) စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။